Knowledge and News

ဒန့်သလွန်အသီးကပေးတဲ့ ကျန်းမာရေးရဲ့ အာနိသင်များ

Health, Knowledge

ဒန့်သလွန်သီးနှင့် အရွက်တို့ထဲတွင် လူသားတို့ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် protein, carotene, carbohydrates, water, calorie, fiber, fat, vitamin A, vitamin B(choline), vitamin B1(thiamin), vitamin B2(riboflavin), vitamin B3(nicotinic acid), vitamin C(ascorbic acid), calcium, magnesium, phosphorous, potassium, copper, iron, sulphar, arginine, histidine, isoleucine, leucine, lysine, methionine, phenylalanine, threonine, tryptophan, valine စသည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်တို့ မြင့်မားစွာပါရှိပါသည်။

အသီးနှင့်အရွက်သာမက အဖူးအပွင့်များထဲတွင်လဲ အဟာရဓာတ်ပမာဏ အမြောက်အများပါဝင်ပါသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ဟိုးရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့တိုင်အောင် ရိုးရာကုထုံးများတွင် ဘေးဥပါသ်ကင်းဝေးစွာ အသုံးပြု လျှက်ရှိပါသည်။ Trees for Life Organization ၏ မှတ်တမ်းများအရ ဒန့်သလွန်သီးနှင့် အရွက်ထဲတွင်ပါရှိသော– • vitamin C သည် လိမ္မော်သီး ထဲတွင်ပါရှိသော ပမာဏထက် ၇-ဆ ပိုသောကြောင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုး ခြင်းကို ကာကွယ် ပေးနိုင်ပါသည်။

• calcium သည် နို့ထဲတွင်ပါရှိသော ပမာဏထက် ၄-ဆ ပိုသောကြောင့် အရိုးနှင့်သွားများကို ခိုင်မာသန်စွမ်းစေနိုင်ပါသည်။

• iron သည် ဟင်းနုနယ် ထဲတွင်ပါရှိသော ပမာဏထက် ၅-ဆ ပိုသောကြောင့် သွေးကိုသန့်စေပါသည်။

• potassium သည် ဌက်ပျောသီး ထဲတွင်ပါရှိသော ပမာဏထက် ၃-ဆ ပိုသောကြောင့် ဦးနှောက်နှင့်အာရုံကြောအဖွဲ့အစည်းကို ကောင်းစွာ အလုပ်လုပ်စေနိုင်ပါသည်။

• vitamin A သည် မုန်လာဥနီ ထဲတွင်ပါရှိသော ပမာဏထက် ၄-ဆ ပိုသောကြောင့် မျက်စေ့ရောဂါ၊ အရေပြားရောဂါ နှင့် နှလုံး ရောဂါတို့ကို ကာကွယ်ပေးနိုင်ပါသည်။

• ပရိုတင်း သည် နို့နှင့် ကြက်ဥ ထဲတွင်ပါရှိသော ပမာဏထက် ၂-ဆ နီးပါး ပိုသောကြောင့် ခန္ဓာကိုယ်ထဲရှိ ဆဲလ်များပိတ်ဆို့မှု တို့ကို ကာကွယ်ပေးနိုင်ပါသည်။

(၁) သွေးတိုးရောဂါသည်များအတွက် ဒန့်သလွန်ရွက်နှင့်အသီးတို့က ဆရာဝန်တစ်ဦးကဲ့သို့ အားထားလောက်ပါသည်။

(၂) သွေးကိုသန့်စင်စေကာ၊ သွေးလည်ပတ်စီးဆင်းမှုကို ချောမွေ့စေပြီး၊ ခွန်အားလဲတိုးပွားစေသဖြင့် ကြီးကောင်ဝင်စ ဆယ်ကျော်သက်ရွယ် ကလေးများ မှန်မှန်စားသုံးပေးသင့်ပါသည်။

(၃) အရိုးအားကိုတိုးပွားစေသည့်အတွက် နို့စို့ရွယ်ကလေးငယ်များကိုလဲ၊ ဒန့်သလွန်သီးနှင့်အရွက်ပြုတ်ရည်တို့ကို အဝတ်ပါးဖြင့်စစ်ကာ နို့ချိုဖြင့်ရော၍ တိုက်ကျွေးသင့်ပါသည်။

(၄) လှပပြီးမွှေးကြိုင်သော အဖြူရောင် ဒန့်သလွန်ပန်းပွင့် ရနံ့က ကောင်းစွာအိပ်မောကျစေနိုင်ပါသည်။

(၅) မွေးဖွားခါနီး မိခင်လောင်းများအတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်စီယမ်၊ ဗီတာမင်နှင့် သံဓာတ်တို့သည် အသီးနှင့် အရွက်များထဲတွင် အလုံအလောက်ပါရှိပါသည်။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက အသီးနှင့် အရွက်တို့ကို မှန်မှန်စားပေးခြင်းဖြင့် နို့ရည်လိုက်စေပါသည်။ ဒန့်သလွန်ရွက်ကို ဆားအနဲငယ်ဖြင့်ပြုတ်ပြီးနောက် အရွက်ကိုရေစစ်ပြီး ထောပတ်ဖြင့် သုပ်စားပေးခြင်းဖြင့်လဲ နို့တိုက်မိခင်များ နို့ရည် လှိုင်လှိုင်ပေါစေပါသည်။ ထို့ပြင် သားအိမ်ကို အားရှိစေကာ၊ မွေးဖွားရလွယ်ကူစသေည့်အပြင် မွေးဖွားပြီးနောက် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ မီးယပ်ဝေဒနာအမျိုးမျိုးတို့ကိုလဲ သက်သာစေနိုင်ပါသည်။

(၆) အစာချေစံနစ်ကို ကောင်းမွန်စေပြီး၊ အူရောင်ငန်းဖျားရောဂါ၊ ဝမ်းသွားခြင်း၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် အသဲရောင်အသားဝါ တို့ကိုလဲ ကောင်းစွာ ကုသပေးနိုင်ပါသည်။ (လက်ဖက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော ဒန့်သလွန်ရွက် သတ္တုရည်ကို ပျားရည်၊ အုန်းရည် အနဲငယ်တို ြ့ဖင့် ရောစပ်ကာ တနေ့လျှင် ၂-ကြိမ် မှ ၃-ကြိမ် ခန့်သောက်ပေးရုံဖြင့် ထိုရောဂါများကို ယူပစ်သလို ပျောက်ကင်း စေနိုင် ပါသည်)

(၇) ဒန့်လွန်ရွက် သည် penicillin ကဲ့သို့ပိုးသတ်နိုင်စွမ်းရှိသဖြင့် ခန္ဓာကိုယ်တွင်းကိုယ်ပ နှင့် အရေပြားပေါ်ရှိ ကူးစက်ရောဂါအမျိုးမျိုးတို့ကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ပြင် အူထဲရှိသန်ကောင်များကိုလဲ ကျစေပါသည်။ အရေပြားမှိုစွဲခြင်းနှင့် ယားနာအမျိုးမျိုးတို့အတွက်လဲ ဒန့်သလွန်ပင်စည်၏ အခေါက်မှုန့်ဖြင့် လိမ်းကျံ ပေးနိုင်ပါသည်။

(၈) ဖိုမ သဘာ၀ ကာမအားအင်ကုန်ခမ်းခြင်းနှင့် မျိုးကန်းခြင်းတို့အတွက် ဒန့်သလွန်ပန်းပွင့်ကို နို့ဖြင့်ပြုတ်သောက်ပေးသင့်ပါသည်။

(၉) ဒန့်သလွန်ပင်စည်၏ အခေါက်ကိုအမှုန့်ကြိတ်၍ လျက်ပေးခြင်းဖြင့် အမျိုးသားများသုက်ရည်ကျဲခြင်းကို ကုသပေးနိုင်ပြီး၊ ဖခင်ကောင်း တစ်ယောက် အဖြစ်စွမ်းဆောင်နိုင်ပါသည်။

(၁၀) ဒန့်သလွန်သီး သည် အသည်းနှင့်သရက်ရွက်တို့ ရောင်ကိုင်းခြင်း၊ မေးခိုင်ရောဂါ၊ အာရုံကြောအားနဲခြင်း၊ သွက်ချာပါဒ၊ ပြည်တည်နာ နှင့်အနာကြီးရောဂါ စသည့် ကိုယ်တွင်းကိုယ်ပ ဝေဒနာအမျိုးမျိုးတို့ကို ပျောက်ကင်းစေနိုင်ပါသည်။

(၁၁) ဒန့်သလွန်ပင်၏ အခေါက်ထဲတွင်အစေးများပါရှိပါသည်။ အစာအိမ်နာ ရောဂါသမားများသည် ထိုအခေါက်ကို ပြုတ်သောက်ပေး သင့်ပါသည်။

(၁၂) ဒန့်သလွန်သီး သည် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လည်ချောင်းနာခြင်း နှင့် ချောင်းဆိုးခြင်း တို့ကို သက်သာကောင်းမွန်စေနိုင်ပါသည်။

(၁၃) ဆီးသွားလွန်ခြင်း ရောဂါအတွက် ဒန့်သလွန်ရွက်သတ္တုရည်ကို သောက်သုံးပေးသင့်ပါသည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြသနာများ အတွက် ဒန့်သလွန်ရွက်သတ္တုရည် စားပွဲတင်ဇွန်း ၁-ဇွန်းစာ ပမာဏထဲသို့ ဆားအနဲငယ်ရော၍ မုန်လာဥနီ(သို့မဟုတ်) သခွားသီး ဖျော်ရည် အနဲငယ်ဖြင့် ရောသောက်ပေးသင့်ပါသည်။

(၁၄) အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများအတွက် ဒန့်သလွန်ရွက် လက်တဆုပ်စာ ကို ဆား၊ ငရုပ်ကောင်း၊ သံပုရာရည် အနဲငယ်ထဲ့ ကာ ရေ ၃ပုံ ၄ပုံ ခန့်ကို အချိန် ၅-မိနစ်လောက်ကြိုချက်ပြီးနောက် အအေးခံကာ သောက်ပေးခြင်းဖြင့် ချမ်းသာမှုကို ရစေပါသည်။

(၁၅) ဒန့်သလွန်သီး နှင့် သံပုရာရည်တို့ကို ရောကျိတ်ပြီးနောက် ရရှိလာသော အနှစ်ရည်ကို မျက်နှာအနှံ့လိမ်းကျံပေးခြင်းဖြင့် ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဆားဝက်ခြံ၊ မှဲ့ခြောက် တို့ကို ပျောက်ကင်းစေနိုင်ပြီး မျက်နှာအသားအရေကို ဝင်းပလာစပေါသည်။ (သို့မဟုတ်) လတ်ဆတ် သော ဒန့်သလွန်ရွက် သတ္တုရည်ကို သံပုရာရည်ဖြင့် ရောစပ်၍ လိမ်းကျံပေးနိုင်ပါသည်။

(၁၆) အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း ဝေဒနာများအတွက် ဒန့်သလွန်ရွက်ကို ထောင်း၍ အုံပေးနိုင်ပါသည်။

(၁၇) ဒန့်သလွန်သီးအစေ့ က ရေကိုသန့်စင်ပေးနိုင်သော ဂုဏ်သတ္တိရှိပါသည်။ မိမိအိမ်ရှိ ရေချိုးကန်များ သန့်စင်စေရန်အတွက် ဒန့်သလွန်သီး အစေ့ကို ကျိတ်ချေထောင်းထုပြီးနောက် အဝတ်ဖြင့်ထုပ်ကာ ရေကန်ထဲသို့ထဲ့စိမ်ပေးခြင်းဖြင့် သန့်စင်သောရေကို ရှိစေနိုင် ပါသည်။ (ထို့ပြင် ပျားရည် စစ်- မစစ် ကိုလဲ ဤနည်းဖြင့် စမ်းသပ်နိုင်ပါသည်)

(၁၈) ဒန့်သလွန်သီးအစေ့မှ အနဲငယ်ချိုသော အရသာရှိသည့် အဆီကို ရရှိပါသည်။ ထိုအဆီသည် ချွဲပျစ်ခြင်းမရှိသည့် အပြင် ဆီချေးစော်လဲ မနံသဖြင့် အသုပ်သုပ်ရာတွင်လည်းကောင်း၊ စက်ဆီ/ချောဆီ အဖြစ်လည်းကောင်း၊ အသုံးပြုနိုင်ပါသည်။ ထို့ပြင် ထိုအဆီ ကို အခြေခံ၍ ရေမွှေး၊ ပေါင်ဒါ နှင့် ခေါင်းလိမ်းဆီ အဖြစ်လဲ ထုတ်လုပ်ကြပါသည်။

(၁၉) အီသီယိုးပီးယားကဲ့သို့အာဟာရချို့တဲ့သော အရပ်ဒေသများတွင် ဒန့်သလွန်ရွက် အမှုန့် က သက်စောင့်ဆေးအဖြစ် စွမ်းဆောင်ပေးနိုင် ပါသည်။ ဒန့်သလွန်ရွက်အမှုန့်ကို ရေခဲသေတ္တာထဲတွင် အထူးတလည်သိမ်းဆည်းထားစရာမလိုဘဲ အာဟာရဓာတ်ပျက်ပြယ်ခြင်းမရှိ ရက်ရှည်လများ ထားနိုင်ပါသည်။

(၂၀) ဒန့်သလွန် ရွက်သည် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ချွဲသလိပ်ထခြင်း၊ ပန်းနာရပ်ကျပ် ချောင်းဆိုးဖြင်း၊ တီဘီအဆုတ်နာ နှင့် လည်ချောင်းနာခြင်း ဝေဒနာတို့အတွက် အလွန်ဆေးဘက်ဝင်ပါသည်။

(၂၁) ပန်းနာရင်ကျပ် ရောဂါသည်များနှင့် အဆုတ်ဝေဒနာသည်များသည် ဒန့်သလွန်သီးနှင့် အရွက်ပြုတ်သည့် အခိုးငွေ့ကိုရှုရိုက်ပေးခြင်းဖြင့် များစွာ ကောင်းကျိုးပြုပေးနိုင်ပါသည်။

ဒန့်သလွန်ပင်ကို “ ဗီတာမင်နှင့် သတ္တုဓာတ်တို့စုဝေးရာအိမ်ကြီး ” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ မှန်ပါသည်။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ လူသားတို့ကျန်းမာရေး ကိုအထောက်အကူပေးသည့် လက်တစ်ကမ်းမှ အလွယ်တကူရရှိနိုင်သော ထိုဟင်းသီးဟင်းရွက်ကို လက်လွတ်မခံဘဲ စားသုံးကြစေလိုပါကြောင်း……..။

မှတ်ချက်။ (က) အချို့သော သူများသည် ဒန့်သလွန်သီးနှင့် မွေးရာပါဓာတ်မတဲ့ရောဂါရှိတတ်သဖြင့်၊ သတိပြုစေလိုပါသည်။ (ခ)ဒန့်သလွန်သီး နှင့် ကလောဥ တို့ကိုတွဲဖက်၍ မစားသင့်ပါ။

Credit: ပေါက်ပေါက် နေပြည်တော်တိုင်းမ်