Knowledge and News

မြန်မာ့ရှေးသုံး အတိုင်းအထွာများအကြောင်း

Knowledge

မြန်မာအတိုင်းအထွာ ဇယားတွေထဲမှာ မိုက်တို့ ထွာတို့ တော့ပါပြီး ဆေးတံတို ၊တစ်ညိုလောက် ရော့သောက်တော့ ပေး ဆိုတဲ့ကဗျာထဲက ညိုကျတော့ မပါကြဘူး။

တခါက ဦးကြီးတစ်ယောက်က သူ့သနပ်ခါးပင် လုံးပတ်ဟာ ထွာဆိုင်လောက်ရှိပြီ လို့ပြောတာနဲ့ ကျနော်က အချင်းပြောစမ်းပါ ဆိုတော့.သူက ကောင်လေးကလည်း..အချင်းဆို တစ်ညိုလျော့လျော့၊ တစ်မိုက်လောက်ပေါ့..တဲ့။

ဘာလည်းခင်ဗျား..တစ်ညိုက ဆိုပြီး မေးတော့ တစ်မိုက်ဆိုတာ လက်သီးဆုပ်ပြီး လက်မကို လက်သီးဆုပ်ရဲ့ ဘေးကန့်လန့် ဆန့်ထုတ်လိုက်၊ လက်သီးဆုပ်နဲ့ လက်မအ တိုင်းအတာနှစ်ခုပေါင်းပဲတဲ့။တစ်ညိုဆိုတာက လက်မနဲ့လက်ညိုးကို ဟနိုင်သ၍ ဟပြီးထားလို့ရတဲ့ပမာဏ။

တစ်ထွာဆိုတာက လက်မနဲ့လက်သန်းကို ဟနိုင်သ၍ ဟပြီးထားလို့ ရတဲ့ ပမာဏတဲ့။ ဒီဦးကြီး ပြောတာဟုတ်လားဗျာ။စာဖြည့်မြန်မာ့ရှေးပညာများဆိုတဲ့ ပေ့ချ်ထဲမှာ ကို Zaw Min-Oo ကဝင်ဖြည့်ပေးလို့ အသိတိုးရတယ်။

ဒါကိုဖြည့်ပေးလိုက်ပါတယ်..ဟုတ်ပါတယ်။ ကျနော်တို့ငယ်စဉ်က ဂေါ်လီရိုက်ရင် တညိုတထွာ ဆိုတာတွေနဲ့ တိုင်းတာဆုံးဖြတ်အနိုင်ယူပါတယ်။ နိုင်ဖို့ အတွက် လက်ဖြဲလေ့ကျင့်ခန်း နေ့စဉ်လုပ်ပါတယ်။

ထွေလိုက်ရင် နီးမနီး ကိုယ့်အထွာအညိုတွေက အရေးပါလို့ပါ။ညို ထွာ ဆုပ် မိုက် တောင်အပြင် လူ့လက်နဲ့တိုင်းတဲ့ တခြားဝေါဟာရတွေက တဖောင် တသူ စတာတွေပါ။

လုံးပတ်ကိုတိုင်းရင် တဖောင်လို့ခေါ်ပြီး အနက်အမြင့်စောက်ကို ပုံမှန်အရပ်ရှိလူ လက်ဆန့်အမြင့်ကို တသူ ခေါ်ပါတယ်။ အသူတရာနက် သော ချောက်ဆိုတာ ဒီကလာပါတယ်။ပါဠိသက္ကတဝေါဟာရတွေဖြစ်တဲ့ အင်္ဂုလိ ဟတ္ထ မုဋ္ဌိ (မုတ္ထိ) စတာတွေကိုလည်း မဇ္ဈိမပုရိသနဲ့တိုင်းပါတယ်။

ဟတ္ထကို ဘာသာပြန် ကွဲကြလို့ ဘုရားရှင်အရပ်တော် ၁၈ တောင်လား မိုက်လား ယူဆချက်ကွဲပြန်ပါတယ်။ကျနော်စုပေါင်းပြီး ဆောင်း ပါးတပုဒ် ရေးထားသင့်ပြီလို့ တွေးမိပါတယ်။ မှတ်သားချက်များအရ ကွာဟလိုအပ်ရင် ထောက်ပြ လမ်းညွှန်ပါ။ တတ်နိုင်က လုပ်ကြပါ။

မုဋ္ဌိက လက်ဆုပ်ဖြစ်တော့ အကိုပြောတဲ့ မိုက်က လက်ဆုပ်နဲ့ ဦးကြီး ရောနေပုံရပါတယ်။လက်ဆုပ်အရွယ် ဗုဒ္ဓဆင်းတု ပဋိမာတွေကို ရှင်မုတ္ထီး ဘုရားတွေလို့ခေါ်ဝေါ်ပါတယ်။စစ်ဆေးတဲ့နည်းကတော့ တတောင်မှာ သုံးမိုက် တတောင် မှတ်ပါတယ်။ ကျနော် အလွတ်ပြောလို့ ကျမ်းအဆိုနဲ့ ပြန်ကြည့်ပြီး လွဲရင်ပြင်ပါ့မယ်။

ဖောင်က ဘယ်ညာလက်နှစ်ဖက်ကို ဘေးကို အစွမ်းကုန် လက်ဝါးပါဖြန့်လျက် ကိုယ်ခန္ဓာအဝင်အပါ တိုင်းတာမှု ယူနစ် တခုပါ။ သစ်ပင်လုံးပတ်တွေအပြင် အလျားဗျက်တွေကိုပါ တိုင်းနိုင်ပါတယ်။လက်ခုပ် လက်စွန်း လက်စွန်းဝက် လက်တပွေ့ ဆိုတာတွေက ခပ်ယူချင်တွယ်တာမျိုးမှာ သုံးပါတယ်။

Credit: ကိုဇော်မင်းဦး