Knowledge and News

နဂါးမင်းသားဖန်ဆင်းခဲ့တဲ့ အင်းတော်ကြီးအိုင်သမိုင်း

Knowledge

မြန်မာပြည်မြောက်ပိုင်းက မိုးညှင်းခရိုင် ထဲမှာရှိတဲ့ အံ့ဖွယ်ထူးခြား လှပလွန်းတဲ့ “အင်းတော်ကြီးအိုင်”ဟာ မြောက်လတ္တီကျူ ၂၅ ဒီဂရီ ၅ မိနစ်နဲ့ အရှေ့လောင်ဂျီကျူ ၉၆ ဒီဂရီ၂၃ မိနစ်အတွင်းမှာ တည်ရှိပါတယ်။

အလျား ၁၆ မိုင် အနံ ၈ မိုင် ( မြန်မာ့စွယ်စုံကျမ်းမှာ အလ်ား ၁၄ မိုင် အနံ ၇ မိုင်) ရှိပြီး”မြေကျွံအင်း”အမျိုးအစား ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေအမြင့်မှာ တည်ရှိပါတယ်။

ရွာသစ်ကြီးကျေးရွာ တောင်ဘက်က ရေပူစမ်း(ကန့်ကြော)နဲ့ အင်းတော်ကြီး တောင်ဘက်က ရွှေတောင်ကြီး (ကန့်တောင်)တို့ကို မျဉ်းဖြောင့်ဆွဲရင် အင်းတော်ကြီး အရှေ့ဘက်ကမ်းဟာ ကန့်ကြောအတွင်း ကျရောက်ကြောင်း ဘူမိဗေဒပညာရှင်တွေက ဆိုပါတယ်။ အင်းတော်ကြီးကို သမိုင်းဝင်တောင် (၃)လုံး အပါအဝင် တောင် (၁၆)လုံး ဝန်းရံလျက် ရှိပါတယ်။

တောင်တွေ အပေါ်က မြစ်ဖျားခံ စီးဆင်းလာတဲ့ ချောင်းငယ်ပေါင်း (၁၂)ခုဟာ အရပ် လေးမျက်နှာကနေ အင်းတော်ကြီးအိုင် ထဲကို စီးဝင်ကြပါတယ်။ အင်းထဲကို စီးဝင်ခွင့်ရှိတဲ့ ချောင်း (၆)ခုနဲ့ စီးဝင်ခွင့် မရှိတဲ့ ချောင်း (၁၈)ခု ရှိတယ်လို့လည်း သိရပါတယ်။ အင်းဘေး ဝဲယာမှာ ကျေးရွာအုပ်စု (၁၁)ခုနဲ့ ရွာပေါင်း (၁၄)ရွာရှိတယ် လို့ဆိုပါတယ်။

“တိုင်းလျန်” လို့ခေါ်တဲ့ ရှမ်းနီတိုင်းရင်းသား အများစု နေထိုင်ကြပြီး လယ်ယာလုပ်ငန်း။ ရေလုပ်ငန်း။ ရွှေမှော်နဲ့ ကျောက်မှော်လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ အင်းတော်ကြီးအိုင်အတွင်းမှာ သမိုင်းဝင်”ရွှေမဉ္ဇူ ” (ရေလယ်ဘုရား) တည်ရှိပြီး ဘုရားပွဲတော်ကိုတော့ နှစ်စဉ် တပေါင်းလဆန်း (၈)ရက်နေ့ကနေ လပြည့်နေ့အထိ ကျင်းပလေ့ရှိပါတယ်။

ပွဲတော်ရက်အတွင်း ကမ်းခြေကနေ ရေလယ်ဘုရားကိုသွားဖို့ နတ်လမ်း လူလမ်းဆိုပြီး ပေါ်လာလေ့ရှိတယ်လို့ သိရပါတယ်။လွှဲမွန်ကျေးရွာမှာ မုဆိုးမ”ဒေါ်မုံ ” တည်ခဲ့တဲ့ ” ငွေမဉ္ဇူ “ဘုရားကလည်း ထင်းရှားလှပါတယ်။

“အရှေ့တောင်အာရှရဲ့ ကုန်းတွင်းရေနေထဲမှာအကြီးဆုံးအိုင် “တောင်ထိပ်ကြားက အင်းတော်ကြီး” “မိုးပ်ံ အင်းကြီး” “တော်ဝင် အင်းကြီး” “အင်းတော်ကြီး”ရယ်လို့ အမည်ထင်ရှား ကျော်ကြားလှတဲ့ အင်းတော်ကြီး သမိုင်းကလည်း ဒဏ္ဍာရီဆန်ဆန် စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

အင်းမဖွဲ့ခင် သက္ကရာဇ်(၂၆၄)က မူးလွင်ပြင်ရဲ့ အရှေ့ဘက် “ကုရုရာဇ်တိုင်း” “ဥတ္တရဌာနီ” စည်းခမ်းမြို့”မွာ ( စောဝ်ဆေးဖိတ် ခေါ် ကျားဖြူ မင်းရဲ့ ခမည်းတော်) ဥတ္တရစောဖြူမင်း အုပ်စိုးခဲ့ပါတယ်။ “အိမ်ပေါင်းတစ်သောင်း ကျောင်းပေါင်းတစ်ထောင်”လို့ ပြောစမှတ်တွင်ပြီး စည်ကားခဲ့တဲ့မြို့ကြီးလို့သိရပါတယ်။

ရှေးလွန်လေပြီးသော အတိတ်နှစ်ပေါင်း (၂၅၀၀) ကျော် ၊ ဘီစီ (၅၄၄-၅၈၉)ခန့်တွင် ဂေါတမမြတ်စွာဘုရားသခင်သည် အနာဂတ် သာသနာေတော်တွင် ဖြစ်ပေါ်တွေ့ကြုံမည့်အရေး မျှော်တွေး သိမြင်တောမူသဖြင့် အခါတစ်ပါးသော် မဇ္စျိမ ဒေသမှ ညီတော်အာနန္ဒာ နှင့် တကြ ကောင်းကင် ခရီးဖြင့် ဒေသစာရီ ကြွချီတော််မူရာ ယခုအင်းတော်ကြီး ဖြစ်တည်သည့် ဒေသ နှင့် ရွှေမဉ္စူ ဘုရားတည်ရှိသည့် နေရာ၌ ခေတ္တရပ်တန့်ပြီး နာဌာဂီရိတောင် (ဆင်ခေါင်းတောင်) ထိပ်တွင် ရပ်တန့်တော်မှု၏။

နောင် အခါ အနာဂတ္ကာလ၌ အင်းကြီး ဖြစ််တည် လတ္တံသော ကြောင်းချင်းရာနှင့် သာသနာတော် ထွန်းလင်း တောက်ပသည့် ဗုဒ္ဓမြတ်ဘုရား၏ ဓါတ်တော် မွေတော် များ ကိန်းအောင်း တော်မူရာ စေတီတော် ဘုရားတည်ရှိ လတ္တံ့သော ဗျာဒိတ်စကား မိန့်ကြားတော်မူ ခဲ့လေသည်။

မှတ်ချက်။ ။ဗျာဒိတ်တော် ပေးတော်မူစဉ် ရပ်တန့်တော်မူရာ တောင်၏ အမည်ကို ရှေးသမိုင်းမူများအရ အမည်ကွဲများ ရှိသော်လည်း နာဌာဂီရိ(ဆင်ခေါင်း) တောင် ဟူ၍သာ အစဉ်အဆက် မှတ်သားရပေသည်။ သာသနာတော်သက္ကရာဇ် ၂၃၀-ခုနှစ်တွင် နဂါးအမျိုး(၄)မျိုး အကျယ်(၁၁၂၄)မျိုးအနက် ဧရာပတ္တနဂါး မျိုးသားအဖ (၃)ဦးနှင့် နဂါးပေါင်း (၃၈၀၁၂) တို့သည် ဘောဂ၀တီနဂါးပြည်မှ (အိုးသစ်၊ အိမ်သစ်၊ အင်းသစ်) ရှာရန် ထွက်ခွာ ခဲ့လေသည်။

သက္ကရာဇ်(၂၆၄)ခုနှစ်တွင် လူဦးရေ ကိုးသန်းရှိသော (ပစ္စန္တရဂန္မာ) ဂုရုရာဇ်တိုင်းတွင် အိမ်ခြေ တစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိသော ဥတ္တရဌာနီ၊ စည်းခမ်း (သျှမ်းအခေါ်မြို့ကို တည်ထောင်တော်မူ၍) နောင်တွင် ဥတ္တရစောဖြူ (ထမံသီသျှမ်းတစ်မျိုး စော၀်ဆေဖိတ် ကျားဖြူမင်း) စိုးစံအုပ်ချုပ်လေသည်။

(ဗုဒ္ဓ အယူ ကျောင်းချင်းမဟုတ် ဝါဒဘာသာစုံ ကျောင်းပေါင်းစုံ ဖြစ်ဖွယ်ရှိသည်။ သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ(၁၈၄)တွင် တောင်မြောက်အလျား(၈)တိုင်၊ အရှေ့အနောက်အနံ (၄)တိုင် (ယခု အခေါ် တစ်တိုင်လျှင် နှစ်မိုင်) ကျယ်၀န်းသော အင်းကြီးကို ရေနတ်နဂါးတို့၏ ဘုန်းတန်ခိုးဖြင့် ဖွဲ့တည်ခဲ့ လေသည်ဟူ၏။

ထို့ကြောင့် ဘောဂ၀တီနဂါးပြည်မှ နတ္နဂါးမ်ား လာရောက်ပြီး (အိုးသစ် အိမ်သစ်) အင်းအိုင်ဖွဲ့ တည်ခဲ့ကြသည် ဆိုသော အချက်သည် ရှေးအဆက်ဆက်သော အင်းတော်ကြီး သမိုင်းအရ ခိုင်လုံစွာ ရေးဆို တင်ပြ မှတ်တမ်းတင် ခ့ဲသည်။ ဂေါတမဘုရားရှင် လက်ထက်တွင် သုနာပရန္တတိုင်းဟူ၍ ခေါ်တွင်သော တိုင်းနိုင်ငံ၏ မြောက်ဘက်နောင်တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ(စိမ့်)တိုင်း ဟူ၍ အသီးသီး ခေါ်သွင်ခဲ့လေသည်။

သာသနာသက္ကရာဇ် ၃၆၀-ခု(ဘီစီ-၁၈၄)တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုး ဥတ္တရစောဖြူမင်း တည်ထောင် ပြီးသည်မှ နှစ်ပေါင်း၉၆နှစ် ပြည့်မြောက် သောနှစ် ပေတည်း။

လေးမျိုးသောနဂါးတို့တွင် ဧရာပတ္တ နဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တဌာနီ စည်းခမ်းမြို့ကြီးကို အင်းဖွဲ့ရန် ရွှေတာင်နတ်မင်းကြီး၏ အမိန့်ကို ရရှိသောအခါ ရေနတ် နဂါးမင်းသားက စဉ်းစားတော်မှုသည်မှာ ဤ ထမံသီ လူမျိုးများနေထိုင်ပျော်ပါး သောမြို့ကို ငါအင်းဖွဲ့ လိုက်သော် တိုင်းနေပြည်သူလူတို့ သေကြေ ပျက်စီး ကြတော့မည် ။

ထိုသူတို့သေ ကြေလျင် ငါ၌ ပါဏာတိပါတကံ ထိုက်၍ အပါယ်၊ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရလိ်မ့်မည် ဤေနရာကလြဲ လျှင်လဲအခြား နေရာကို ငါသေဘာမက် မနှစ်သက်ခဲ့၊ ဟယ် သို့သောလည်း ဤတိုင်းသူပြည်သား လူအများတို့သည် တရားလည်း မကပ်ကြ၊ ကိုယ်ကျင့် သီလမရှိကြ ငါးပါးသီလကို တစ်ပါးမျှ မတည် အောင် ကိုယ်ကျင့်တရားများ အလွန်ပျက်ပြားကြသည်၊

နေ့စဉ် ညတိုင်း ထိုင်းမှိုင်း တွေေ၀ ၍ ငါးပါးအာရုံ ကာမဂုဏ်ကို စုံစုံမက်မက် နှစ်သက်ပျော်ပါးသူ သာ များလေသည်၊ သို့ဖြစ်သည်ကြောင့် အလီလီ တွေးဆ၍ ညသန်းခေါင်ရံ အခါ အာကာသ ကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော အသံဖြင့် ကြွေးကြော်လေသည်မှာ ဤ တိုင်းပြည် ၌ နေထိုင်ကြကုန်သော အသင်မနုဿလူသားတို့သည် ရှေ့ ခုနှစ်ရက် တိုင်လျှင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်။

ခုနှစ်ရက်မတိုင်ခင် အကြား ခရီး​ဝေးစွာ ထွက်ခွာသွားကြကုန်လော့ အကယ်၍ မသွားဘဲနေကြလျှင် ရေမွန်းနှစ်၍ သေကြ ကုန်လတ္တံ့ဟု တစ်တိုင်း ပြည်လုံးကြားလောက်အောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်လေ၏ ဤသို့ တစ်ပြည်လုံး ကြားလောက်အောင် ကြွေးကြော်ပါသော်လည်း တိုင်းသားပြည်သူများ ဗိုလ်လူတို့၏ မကောင်းမှု ကံစီမံဖန်တီးသဖြင့် အသက်ကြီးသော မုဆိုးမ အဒေါ်အိုတစ်ယောက်အပြင် မည်သူမျှ မကြားမသိကြချေ၊

နံနက် မိုးလင်းသောအခါ အဒေါ်အိုမုဆိုးမက တအိမ်တက်တအိမ်ဆင်းသွား ရောက် ပြောကြားသော်လည်း အယုံ တရားမရှိကြဘဲ ဤမုဆိုးမသည် မလှသောမျက်နှာ မသာယာ သော မျက်ခွက်ဖြင့် ငါတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော စကားကိုပြောကြားလေသည်၊ ငါတို့ ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်း ပြည်နဂရတွင် ထာ၀ရကြာရှည်စွာ နေထိုင်ခ့ဲ့ကြသည်၊

ဘယ်အခါဘယ်ကာလမှ မကြားစဘူးထူးဆန်းသော ဤစကားကို အဒေါ်အိုမုဆိုးမ ပြောကြားသည် ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး ဆိုလိုက်ကြကုန် သတည်း၊ အဒေါ်အိုက ထိုထိုအိမ်ထက်သို့ တက်၍ တဖန်ေ၀းရာသို့ရွေ့ပြောင်း ထွက်ခွါသွားကြရန် သည်းခံ၍ ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသ ငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်း ခြင်း ခံရေသာ ခုနှစ်ရက်မြောက်သောနေ့၌ အဒေါ်အိုသည် ဤမြို့ရွာရှိ မိမိဆွေမျိုးညာတိ မြေး၊ မြစ်များကို အပါ ခေါ်ငင်၍ ဝေးစွာသောမြို့ အနောက်ဘက်သို့ ထွက်ပြေးကြလေသော် ရေနတ် နဂါးရာဇာက တေဇာကွန့်ဖြိုး နတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးလ်းကြီးလေကြီး မြည်ဟီး ပြင်းချက် လျပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ၀င်းနဲလျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချလေသည်။

ထိုအခါ မုဆိုးမသည် ကုန်းမောက်သေလာ ယခုလွဲမွန် ကျေးရွာ၏ ဒက်ခိဏာတောင်ဘက် ယခု အဘယဂီရိခေါ် တောင်ကုန်းပေါ်ထက်သို့ တက်ပြေး၍လာရင်း မိမိ နောက်ကြော (အရှေ့)ဘက်သို့ မျှော်ကြည့်လိုက်လျှင် ထမံသီလူမျိုး ဥတ္တရစောဖြူမင်း၏ ဥတ္တရဌာနီ စည်းခမ်းမြို့ကြီး သည် ရေပြင်အတိအင််းကြီးဖြစ်၍ ပျောက် ဆုံးနေလေပြီ ကိုတွေ့မြင်ရလေတော့သည်။

ယနေ့တိုင် ထိုမုဆိုးမ နောက်ကြောဘက်သို့ လှည့်မျော်ကြည့်ခဲ့သောနေရာကို လွဲမွန်တောင်ဟုခေါ်သည်။ လွဲသည်သျှမ်းလို တောင်ဟုအဓိပ္ပါယ်၍ မွန်သည် မျှော် သည်ဟု အဓိပ္ပါယ်ရပါသည်။

မုဆိုးမသည် ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့ တွင်မွေးဖွား၍ အရွယ်ရောက်သောအခါ သျှမ်းကလိမ်း ခန္တီး(ထမံသီ) လူမျိုးတစ်ယောက်နှင့် အိမ်ထောင်ကျလေည် လင်ယောကျ်ား နောက်သို့ လိုက်ပါသွားပြီးနောက် သမီး (မင်းအပ်) ကိုမွေးဖွားပြီး လင်ယောကျ်ား သေဆုံးလေသည်၊ သမီးမင်းအပ်လည်း အရွယ်ရောက်လျင် အိမ်ထောက်ကျ၍ သားကေလး (မောင်သာယ) ကိုမွေဖွားပြီး လင်ယောကျ်ား သေဆုံးလေသည်၊ မုဆိုးမသည် ထိုမြို့ ထိုရွာတွင် ဆွေမျိုးရင်းချာ မရှိသဖြင့် သမီးမြေးနှစ်ယောက်နှင့် အတူ ဥတ္တရဋ္ဌာနီစည်ခမ်းမြို့သို့ ပြန်ရောက်ပြီး နှစ်နှစ် အကြာတွင် ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့ကြီး အင်းဖြစ်လေတော့သည်။

ယင်းထမံသီ မျိုးဆက်မှ ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများနေထိုင်သည့် ထမံသီရွာသည် ယနေ့တိုင် ရှိနေပါသေးသည်။ဥတ္တရစောဖြူရဲ့သား စော၀်ဆေးဖိတ် (ကျားဖြူမင်း) မင်းသာသည် အင်းကြီးဖွဲ့သောအချိန် မင်းညီးမင်းသား အချို့နှင့် တောကစားသွားနေ၍ အင်းဖွဲ့ရာသေဆုံးခြင်းမရှိပဲ ကျန်ရစ်ခဲ့လေသည် ၎င်းသည် မိုင်းသုံတောင်နားတွင် ကျင်လည်ကျက်စားနေရင် နောက်နန်းမွန် နှင့်တွေ့ဆုံ ပေါင်းဖက်၍ သားသုံးပါး ဖွားမြင် လေသည်။

(၁)ခွန်ရံ(သိုကော်ဘွား)၊ (၂)ခြန္ကံ (သိုငံဘွား)၊ (၃)ခွန်အွမ် (သိုကျည်ဘွား) တို့ ဖြစ်ကြလေသည်။၎င်းသားတော်သုံးပါး၏ ဘိုးတော်ဖြစ်သော ရွီှရွှမ်နန်းမြို့တော်သခင် ဥတည်မင်းမှ မြေးတော်များအား လူသူလက် အင်အားများပေး၍ တည်ထောင်အုပ်ချုပ် စေခဲ့သော နယ္ပယ္မ်ား နန်းမြို့များဖြစ်သည့် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မြို့များပေါ်လာခဲ့ပေသည်။

အင်းတော်ကြီး၏ အံ့ဘွယ်ကိုးပါးအင်းတော်ကြီးသည် မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်သည်၊(၁) အလ်ား ၈-တိုင်၊ အနံ ၄-တိုင်၊ ကျယ်၀န်းသောကြောင့်တပါး၊(၂) အနောဒတၳအိုင်ကဲ့သို့ အလွန် ရေသန့်ရှင်းသောကြောင့် တပါး၊(၃) အလွန်ကျယ်၀န်းသော အင်းဖြစ်သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးရအောင် အင်းတော်ကြီး အရှင် ထိန်းသိမ်းခြင်းကြောင့် အံ့ဘြယ္တပါး၊

(၄)-အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသောလည်း အနာအဆာမရွိ ငါးကြီးများလည်း အစားဘဲ ကမ်းစပ်ရောက်အောင် လိူင်းပိုတ်ခတ်တင်ပေးခြင်း၊(၅- အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း၊(၆)-အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊(ရ)-တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း၊

(၈) -စစ်တိုက်ရာပါချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ၀င်ခွင့် ပြုခြင်း၊(၉) -နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လကစ၍ ပြာသိုလအထိ အင်းထဲရှိ ငါးများကို အင်းတော်ကြီး တောင်ပိုင်း အျခားအကြာ (၈)မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကို ဆေးခတ်သဖြင့် ငါးများစွာသေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း၊ ဟုသိရပါတယ်။

ထူးခြားတာကတော့တန္ခူး ကဆုန် ရေနည်းချိန်မှာ အင်းတော်ကြီးရဲ့ အရှေ့ဘက်ကမ်းအနီးက “နတ်မောက်ကန်”နဲ့ “ဟဲပု”ကျေးရွာအကြားရေပြင်အောက်မှာ ထမံသီလူမျိုးတွေ တည်ဆောက် နေထိုင်ခဲ့ကြတဲ့အဆောက်အဦးတိုင်တွေကို အတိုင်းသား မြင်တွေ့ရခြင်းမျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။

(၁၁)ရာစု အနော်ရထာမင်းနဲ ့ခေတ်ပြိုင် ဥတည်ဘွားဘုရင်ကို ဆက်စပ်ကြည့်ရင် မိုးညှင်းမြို့တည် ရာစုနှစ်ဟာ မှန်ကန်ဖွယ်ရှိပြီး စည်းခမ်းမြို့ကြီးကို အင်းဖွဲ့တဲ့ နှစ်ပေါင်းဟာလည်း (၁၀)ရာစုထက် စောနိုင်စရာ အကြောင်းမရှိဘူးလို့ထင်ပါတယ်။

အနော်ရထာ နတ်ရွာစံပြီးတဲ့နောက်မှာ “အရှင်ဗုဒ္ဓမထေရ်”နဲ့ “အရှင်သုမနမထေရ်”တို့က ဒီဒေသကို ဗုဒ္ဓသာသနာ ထွန်းကားအောင်ပြု လုပ်ခဲ့ကြပါတယ်။

တစ်ချိန်တုန်းက အင်းတော်ကြီးက ရေလုပ်သားကြီး “ဦးရန်အောင်”ဆိုသူဟာ ကွန်ပစ်ရင်း ရရွိခဲ့ဖူးတဲ့ လည်ပင်းရှည် အဝကျဉ်းအိုး (ပျူ ခေတ်အိုးပုံစံ)နဲ့အိုးထဲမှာ အရိုးပြာလို့ ယူဆရတဲ့ အရိုးအပိုင်းအစနဲ့ ရောင်စုံပုတီးစေ့(၂)လုံး တွေ့ခဲ့ဖူးကြောင်း (၁၉၈၉ ခုနှစ် မိုးညှင်းမြို့နယ် ကြက်ခြေနီအသင်းက စီစဉ်ထုတ်ဝေတဲ့ “မိုးညှင်းမဂ္ဂဇင်း” အမှတ်(၁) မင်းဥက္ကာဆွေရဲ့ “မြန်မာ့မိုးပျံအင်း” ဆောင်းပါး (စာ-၃၃)မွာ လေ့လာ သိရှိရပါတယ်။

အင်းဖွဲ့ခြင်း မခံရမီက စည်းခမ်းမြို့ကလူတွေရဲ့ဘာသာဓလေ့နဲ့ ဆက်စပ်နေတဲ့ ထုံးတမ်းစဉ်လာတွေဟာ ပျူ နဲ့တူနေတာကို တွေ့နိုင်ပါတယ်။ သေသူကို မီးသင်္ဂြုဟ်ပြီး အရိုးပြာကို ရောင်စုံပုတီးစေ့တွေ နဲ့အတူ အိုးမှာထည့်တဲ့ ဓေလ့ဟာ ပျူ တွေရဲ့ဓလေ့ဖြစ်ပါတယ်။

“အင်းတော်ကြီး””အင်းတော်လေး”နဲ့ပါတ်သက်ပြီး ဒဏ္ဍာရီဖြစ်ရပ်တစ်ခုကလည်း စိတ်ဝင်စားစရာပါ။ ဧရာပထနဂါးမင်းရဲ့ သားတော်နှစ်ပါးဟာ အင်းတော်ကြီးဒေသနဲ့ အင်းတော်မြို့အနီးက နေရာတွေမှာ အသီးသီး အပြိုင် အင်းဖွဲ့ကြရာ ညီတော်က နောင်တော်ကို “အင်းဖွဲ့လို့ နောင်တော် အနိုင်ရရင် ညီတော်က ခေါင်းမဖော်ဘဲ နေမယ်”ဆိုတဲ့ စကားကတိရှိခဲ့လို့ (ယခု အင်းတော်မြို့အနီးက) အင်းရေပြင်ပေါ်မှာ ကြာဖက်တွေ အပြည့်အုပ်မိုးနေကြောင်း အင်းဖွဲ့ရာမှာ နောင်တော်ရဲ့အင်းလောက် ကြီးကျယ်ခြင်းမရှိလို့ ရှုံးနိမ့်သွားတဲ့ ညီတော်ရဲ့စကားကတိ တည်ခဲ့ကြောင်းများကို ယနေ့တိုင် ပြောဆိုယုံကြည်နေကြတာကို ကြားသိရပါတယ်။

မည်သို့ပင်ဆိုစေကာမူ “အင်းတော်ကြီး”ဒေသကတော့ ပျောက်ဆုံးနေတဲ့ “ဥတ္တရစောဖြူ မင်း”ရဲ့ ရွှေမြို့တော်ကြီး တည်နေရာ ဖြစ်သလို ရှမ်းနီတိုင်းရင်းသား”တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း”တို့ရဲ့ အံ့ဖွယ်ထူးခြား လှပလွန်းတဲ့ နေရာဒေသတစ်ခု ဖြစ်တာကိုတော့ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်တာတော့အသေအချာပါဘဲ။

Credit: Original Uploader