Knowledge and News

ပန်းတွေကိုကြာရှည်ခံအောင်ဘယ်လိုထားမလဲ

Knowledge

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဘုရားပန်းတင်တဲ့အခါမှာပဲဖြစ်ဖြစ် ၊ စားပွဲပေါ်မှာ ပန်းထိုးထားတဲ့အခါမှာပဲဖြစ်ဖြစ် ပန်းလေးတွေကို ပုံမှန်ထက် ကြာရှည်ခံအောင် ဘယ်လိုထားရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

၁။ ရေခဲရေ

အရင်ဆုံး ပန်းကိုရေထည့်ထားတဲ့ ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ ခဏထားပြီးရေအေးတဲ့အထိ ထားပါ။

၂။ Aspirin ဆေး ရေ

ရေ ၂ ခွက် Aspirin ဆေး ၁ လုံးထည့်ပြီး ရောလိုက်ပါ။ ပြီးရင် ပန်းထိုးထားပေးလိုက်ရုံပါပဲ။

၃။ ငွေပြား

ရေထဲကို ငွေပြားကိုထည့်လိုက်ပြီး ပန်းထိုးထားပေးလိုက်ပါ။

၄။ သံပယိုရည်

ရေ ၂ ခွက်၊ သံပယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောလိုက်ပြီး မွှေလိုက်ပါ။ ပြီးရင် ပန်းထိုးထားပေးလိုက်ပါ။

၅။ သကြားနဲ့ ဆားရေ

ရေထဲကို သကြား အနည်းငယ်၊ ဆားအနည်းငယ် ရောလိုက်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် ပန်းထိုးထားပေးလိုက်ပါ။