အခက်အခဲဆိုတာ အောင်မြင်ဖို့အတွက်လမ်းစဖြစ်တယ်
တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ သားတော်(၁ဝ)ပါးထဲကနေ အမွေဆက်ဆံသူတစ်ယောက်ကိုရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရင်ကြီးဟာ ပညာရှိမှူးမတ်တစ်ဦးနဲ့ နှစ်ကိုယ်ကြားတိုင်ပင်ပြီး လမ်းဘေးဝဲယာမှာရေရှိတဲ့ လမ်းတစ်ခုပေါ် ကျောက်တုံးကြီးတစ်တုံးကို ချထားလိုက်တယ်။အဲဒီလမ်းပေါ်ဖြတ်လျှောက်သူတိုင်းဟာ ကျောက်တုံးပေါ် ကျော်တက်မလား.. ကျောက်တုံးကို ဘေးဖယ်မလား.. ကျောက်တုံးကို ကွေ့ပတ်မလား.. ကျောက်တုံးကြီးရဲ့အတားအဆီးကို ခံကြရမှာဖြစ်တယ်။
ဘုရင်ကြီးက သားတော်တွေခေါ်ပြီး မှူးမတ်ဆီကို လျှို့ဝှက်စာတစ်စောင်ပို့ဖို့ အဲဒီလမ်းကို ဖြတ်စေခဲ့ပါတယ်။ မင်းသားတွေက ဘုရင်ကြီးရဲ့အမိန့်အတိုင်း မှူးမတ်လက်ထဲကို စာအရောက်ပို့ခဲ့ကြတယ်။ဘုရင်ကြီးက “ချစ်သားတို့.
အဲဒီလမ်းကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ?” လို့မေးတော့..သားတော်တစ်ဦးက “ကျောက်တုံးကြီးပေါ် ဖြတ်ကျော်သွားခဲ့ပါတယ်”နောက်သားတော်တစ်ဦးက “လှေလှော် ဖြတ်ကျော်ခဲ့ပါတယ်”သားတော်တချို့က “ရေထဲဆင်းကူးပြီး ဖြတ်ကျော်ခဲ့ပါတယ်” လို့ဖြေခဲ့ကြတယ်။
သားတော်အငယ်ဆုံးက “လမ်းအတိုင်း သွားခဲ့ပါတယ်” လို့ဖြေတော့ ဘုရင်ကြီးက “လမ်းမှာ ကျောက်တုံးကြီး ကာဆီးမထားဘူးလား?” လို့ ပြန်မေးပါတယ်။”ကျောက်တုံးကို သားတော် အားစိုက်တွန်းလိုက်တာနဲ့ ကျောက်တုံးကြီးက ချောင်းထဲကျသွားပါတယ်။
”ဒီလောက်ကြီးတဲ့ကျောက်တုံးကို လက်နဲ့တွန်းဖို့ သားတော်ဘယ်လိုစဉ်းစားခဲ့သလဲ?””သားတော်က ကြိုးစားပြီးတွန်းကြည့်ရုံပါ.. ဒါပေမဲ့ တွန်းလိုက်တာနဲ့ ကျောက်တုံးက ရွေ့သွားပါတယ်”တကယ်တော့ ဘုရင်ကြီးက မှူးမတ်နဲ့တိုင်ပင်ပြီး
ပေါ့တဲ့အရာဝတ္ထုနဲ့ “ကျောက်တုံးကြီး”ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကြိုးစားအားထုတ်လိုစိတ်ရှိတဲ့ သားတော်ငယ်လေးကပဲ ဘုရင်ရဲ့အမွေကို ဆက်ခံခဲ့ပါတယ်။
သင်ခန်းစာ– ကိုယ့်ကံကြမ္မာကို တခြားလူလက်ထဲ ပုံအပ်တာ၊ တခြားတစ်ယောက်ဆီပုံအပ်ပြီး ကိုယ်က ဘာကြိုးစားအားထုတ်လိုစိတ်မှမရှိဘဲ တခြားလူကိုသာ ယုံကြည်တာဟာ အရမ်းအန္တရာယ်များပါတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲဖန်ဆင်း၊ ကိုယ်တိုင်ပဲဖမ်းဆုပ်နိုင်ဖို့ သင်ယူတတ်ရပါမယ်..။
Credit – မူရင်းရေးသူ