အရသာရှိတဲ့ ဝက်သားလုံးကြော်
တစ်ရက် တစ်ရက် ဘာချက်ရမှန်းမသိဘူးဆိုတဲ့ အိမ်ရှင်မတွေအတွက် ထမင်းစားမကောင်းတဲ့နေ့တွေဆိုရင် အခုလို ဝက်သားလုံးကြော်ကြွပ်မွလေး လုပ်စားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား ၃၀၀ ဂရမ် (နုပ်နုပ်စဥ်းထားပါ)
- ကြက်သွန်နီ ၈၀ ဂရမ် (နုပ်နုပ်စဥ်းထားပါ)
- ပေါင်မုန့်ကြွပ်မှုန့် ၅၀ ဂရမ်
- ခနောဆန်ပြုတ် တစ်ထုပ်
- ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၃ မြွှာ (လှီးထားပါ)
- ချင်း ၁လက်မရဲ့ လေးပုံတစ်ပုံ
- ငရုတ်သီးစိမ်း ၃ တောင့် (အစပ်ကြိုက်လျှင်)
- စပါးလင် ၃ ပင် (အစိမ်းရောင်အပိုင်းတွေကို ဖယ်ပြီး အဖြူအပိုင်းကိုပဲ လှီးထားပေးပါ)
- ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
- အုန်းနို့ခရင်မ် ထမင်းစားဇွန်း ၂ ဇွန်း
- နံနံပင် ၂၀ ဂရမ် (လှီးထားပါ)
- ကြက်ဥ ၁ လုံး
- ရေ ထမင်းစားဇွန်း ၂ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
စပါးလင်၊ ကြက်သွန်ဖြူ၊ ချင်းနဲ့ ငရုတ်သီးစိမ်းတွေကို ထောင်းထားပါ။
-
ငံပြာရည်ထည့်ပြီး အနှစ်ရတဲ့အထိ အားလုံးရောထောင်းထားပါ။
-
ပန်းကန်လုံးတစ်ခုထဲမှာ ဝက်သားကို ထည့်ပါ။ ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်နီ၊ နံနံပင်၊ အုန်းနို့ ခရင်မ်တွေကို ထည့်ပါ။ ထောင်းထားတဲ့ အနှစ်ကို ထည့်ပါ။
-
လက် ဒါမှမဟုတ် ဇွန်းကို အသုံးပြုပြီး ဝက်သားကို နှံ့အောင်နယ်ပြီး အလုံးလေးတွေ လုံးထားပါ။
-
ပန်းကန်ပြား ဒါမှဟုတ် အကင်ဗန်းတစ်ခုထဲ ပေါင်မုန့်ကြွပ်မှုန့်နဲ့ ခနောဆန်ပြုတ်မှုန့်တွေ လောင်းထည့်ပြီး သမအောင် မွှေပါ။
-
ပန်းကန်လုံးတစ်ခုထဲမှာ ကြက်ဥဖောက်ထည့်၊ ရေထည့်ပြီး မွှေထားပါ။ လုံးထားတဲ့ ဝက်သားလုံးလေးတွေကို ကြက်ဥနှစ်ကပ်ပြီး မုန့်ကြွပ်မှုန့် + ခနောဆန်ပြုတ်မှုန့် ရောထားတာနဲ့ ကပ်ပါ။
-
ဆီပူထဲမှာ ရွှေရောင်သမ်းတဲ့အထိကြော်ပြီး ဆီစစ်ပြီး သုံးဆောင်နိုင်ပါပြီ။
Credit: https://www.howtocook.com.mm