ယူရစ်အက်စစ် မတက်အောင် အစားအစာနှင့်ရှောင်ရန်
ယူရစ်အက်စစ် ( Uric Acid ) ဆိုတာ စားလိုက်တဲ့အစားအစာတွေထဲပါရှိတဲ့ပြူရင်းဓါတ်တွေနဲ့ ဆဲလ်သေတွေဆီကနေဖြစ်လာတဲ့သွေးထဲကစွန့်ပစ်ပစ္စည်းဖြစ်ပါတယ်။သွေးထဲမှာ ယူရစ်အက်စစ်က ထိုက်သင့်သလောက်ပမာဏတော့ရှိတာပုံမှန်ပဲဆိုပေမယ့် ကိုယ်စားတဲ့အစားအစာတွေကို မတိုင်းချင့်ဘူးဆိုရင် ယူရစ်အက်စစ်ပမာဏလွန်ကဲလာနိုင်ပါတယ်။ အဲဒီအခါကျောက်ကပ်က စစ်မထုတ်နိုင်တော့ဘဲ အဆစ်အမြစ်တွေရောင်ရမ်းစေတဲ့ ဂေါက်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကိုမထိန်းချုပ်ဘူးဆိုရင်သွေးထဲက ယူရစ်အက်စစ်ပမာဏကပိုပိုများလာပြီး အရိုးအဆစ်တွေနဲ့ကြွက်သားတစ်ရှူးတွေမှာ ယူရစ်အက်စစ်ပုံဆောင်ခဲတွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။
ဂေါက်ရောဂါကိုသေချာမကုသရင် အရိုးအဆစ်တွေပုံသဏ္ဍာန်ပျက်ယွင်းလာတာ၊ ပျက်စီးလာတာ၊ကျောက်ကပ်ကျောက်တည်တာတွေအထိဖြစ်စေနိုင်ပါတယ်။ ယူရစ်အက်စစ်ကို သွေးစစ်ကြည့်ပြီးမှ သိနိုင်တာဖြစ်ပြီး ပုံမှန်ရှိရမယ့် ယူရစ်အက်စစ်ပမာဏကတော့ အမျိုးသားတွေမှာ 3.5 ကနေ 7.0 mg/dl အမျိုးသမီးတွေမှာ 2.5 ကနေ 5.7 mg/dl ဖြစ်ပါတယ်။ဂေါက်ရောဂါရှိနေသူတွေရော၊ ယူရစ်အက်စစ်များနေသူတွေအတွက် စားသုံးသင့်တဲ့အစားအစာ (၁၀) မျိုး နှင့် ရှောင်ရမည့် အစားအစာများကို ဖော်ပြလိုက်ပါတယ်။
ယူရစ်အက်စစ် မတက်အောင် စားသုံးရမည့် အစားအစာများ –
- ရေများများသောက်
- ပန်းသီး
- စတော်ဘယ်ရီ
- ဘလူးဘယ်ရီ
- ချယ်ရီသီး
- သံပရာသီး
- ဂရိတ်ဖရု
- လိမ္မော်သီး
- ငှက်ပျောသီး
- ခရမ်းချဉ်သီး
- သခွားသီး
- ပန်းဂေါ်ဖီစိမ်း
- နွားနို့
- ဒိန်ခဲ
- လက်ဖက်စိမ်း
ယူရစ်အက်စစ် မတက်အောင် ရှောင်ရမည့် အစားအစာများ –
- ဘီယာ
- ဝမ်းတွင်းသား (ကလီစာ)
- ကြက်ဥ၊ ဘဲဥ (အနှစ်)
- အမဲသား
- ငါးဥ၊ ငါးအူ
- မှို
- မျှစ်
- ကညွတ်
- ဒညင်းသီး
- ရွှေဖရုံသီး
- ခရမ်းသီး
- ပဲပင်ပေါက် အညှောင့်ထွက်
- အာလူး
- မြေပဲ ( မြေပဲဆီ )
- ပဲနို့
- စတော်ဘယ်ရီသီး
- ကန်စွန်းဥ