ထောပတ်သီးရဲ့ဆိုးကျိုးများ ( ကြိုက်တဲ့သူများကျော်မသွားပါနဲ့ )
ထောပတ်သီးကအလှအပ၊ အသားအရည်နဲ့ကျန်းမာရေးအတွက် အသုံးဝင်တဲ့အသီးအနှံဆိုတာမှန်ပါတယ်။ ဒါပေမဲ့ထောပတ်သီးအများကြီးစားမိတဲ့အခါ ဒီလိုဆိုးကျိုးတွေဖြစ်စေပါတယ်တဲ့။ ကောင်းကျိုးတွေသိပြီးပြီဆိုရင် ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲဆိုတာကိုလည်းကျန်းမာရေးဗဟုသုတအနေနဲ့သိထားသင့်ပါတယ်။
၁။ ကိုယ်ဝန်ဆောင်ချိန်နဲ့ရင်သွေးငယ်နို့တိုက်ကျွေးချိန်မှာမစားသင့်ပါဘူးတဲ့။
ထောပတ်သီးကိုကိုယ်ဝန်ဆောင်တဲ့အချိန်နဲ့ကလေးနို့တိုက်နေချိန်မှာမစားသင့်ပါဘူး။ ထောပတ်သီးစားလိုက်မယ်ဆိုရင် မိခင်နို့ရည်ထုတ်လုပ်မှုကို လျှော့ချတဲ့အပြင်နို့ရည်ထုတ်ပေးရာ mammary gland ကိုလည်းပျက်စီးစေတဲ့အထိဖြစ်စေပါတယ်။ ဒါ့အပြင် ကလေးရဲ့အစာအိမ်အတွက်လည်းမကောင်းစေဘူးလို့သိရပါတယ်။
၂။ Hypersensitivityဖြစ်တတ်သူတွေမစားသင့်ပါ။
ခဏခဏAllergic ဖြစ်တတ်သူ၊ အသားအရည်နီမြန်းယားယံတတ်သူတွေ ထောပတ်သီးကိုမစားသင့်ပါဘူး။ တကယ်လို့စားမယ်ဆိုရင်အရေပြားရောဂါဖြစ်တာ၊ အော့အန်တာမျိုးတွေဖြစ်တတ်ပါတယ်။
၃။ Allergy ဖြစ်စေတယ်။
ထောပတ်သီးဟာအသားအရည်ကိုယားယံစေတယ်။ နီမြန်းစေတယ်စတဲ့ အရေပြားပြဿ နာတွေဖြစ်ပွားစေနိုင်တဲ့ဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့်ကိုယ်က အရမ်းကြိုက်တယ်ဆိုရင်တောင် အများကြီးမစားသင့်ပါဘူး။ ပါးစပ်အာသာပြေရုံပဲ စားပေးသ့င်ပါတယ်။
၄။ ကိုယ်ခံအားနည်းသူတွေထောပတ်သီးကိုမစားသင့်ပါ။
ကိုယ်က ထောပတ်သီးစားတိုင်း ယားယံတယ်။ အော့အန်ချင်သလိုဖြစ်တယ်။ ခေါင်းကိုက်တယ်ဆိုရင်ထပ်ပြီးမစားသင့်တော့ပါဘူး။ ထောပတ်သီးစားတဲ့သူအများစုဟာ …အအေးမိတုပ်ကွေး၊ အော့အန်တာ၊ဖျားနာတာ၊အမြဲတမ်းအိပ်ချင်နေခြင်း၊ ပန်းနာဖြစ်ခြင်းစတဲ့ …။ ဝေဒနာတွေကိုခံစားရကြောင်း လေ့လာတွေ့ရှိထားရပါတယ်။
၅။ အသည်းကိုပျက်စီးစေတယ်။
ထောပတ်သီးအလွန်အကျွံစားတဲ့အခါ ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့အရာတစ်ခုကတော့အသည်းကိုထိခိုက်တာပါပဲ။ ထောပတ်သီးဆီဟာအသည်းကိုတိုက်ရိုက်ထိခိုက်စေတယ်လို့သိရပြီးအထူးသဖြင့် estragole နဲ့anethole ပါဝင်တဲ့မက်စီကန်ထောပတ်သီးတွေကိုမစားသင့်ပါဘူး။ အဲဒါတွေဟာ အသည်းကိုုပိုပြီးပျက်စီးစေပါတယ်။ဒါကြောင့်အသည်းနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုရှိရင်ထောပတ်သီးအဆီကြောင့်အသည်းပျက်စီးမှုမဖြစ်ရအောင်ထောပတ်သီးစားတာကိုရှောင်သင့်ပါတယ်။
၆။ ကိုလက်စထရောကိုလျှော့ချပေးပါတယ်။
ကိုလက်စထရောကိုလျှော့ချပေးတာကကောင်းမွန်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ထောပတ်သီးအများကြီးစားတဲ့အခါ လိုအပ်တာထက်ပိုပြီး ကိုလက်စထရောကိုလျေ့ာကျစေပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကိုလက်စထရောကိုပါစုပ်ယူပစ်လိုက်တဲ့အခါ အဲဒါကကိုယ့်အတွက် ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်လာစေပါတယ်။
ဒါကြောင့် ထောပတ်သီးကိုကြိုက်တယ်ဆိုတိုင်းလည်းအများကြီးမစားသင့်ပါဘူး။ အဆာပြေရုံအနေအထားလောက်စားပေးတာက ကျန်းမာရေးအတွက်ပိုပြီးသင့်တော်ပါတယ်။
#COCONUTCRAB
Source : stylecraze.