လူတိုင်းကြိုက်တဲ့ ဂဏန်းမဆလာ ချက်နည်းလေးကို ဒီတစ်ပတ်အတွက် ဝေမျှပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ဂဏန်း
- ကြက်သွန်အနီ
- ကြက်သွန်အဖြူ
- အစိမ်းမှုန့်
- နနွင်းမှုန့်
- ငါးငံပြာရည်(သို့)ပဲငံပြာရည်အကျဲ
- ခရုဆီ
- မဆလာ
- အရသာမှုန့်
- နံနံပင်
ပြုလုပ်နည်း
သန့်စင်ပြီးသား ဂဏန်းတွေကို ခြေသည်းလေးတွေညှက်ထုတ်ပေးပြီး၊ဂဏန်းလက်မနဲ့ ခြေချောင်းများကိုအနည်းငယ်ထုပေးပါ။ဒါမှသာဂဏန်းအနှစ်ရဲ့အရသာက ဂဏန်းအထဲထိစိမ့်ဝင်ပြီး စားရတဲ့အခါမှာလဲ နူးနူးအိအိလေးဖြစ်နေမှာပါ။
အနှစ်ချက်ဖို့အတွက် ဆီပူအောင်တည်ထားပေးပါ။ကြက်သွန်အဖြူအနီထောင်းထားတာထည့်ပါ။နနွင်းမှုန့်နဲ့ အစိမ်းမှုန့်ထည့်ပြီးဆီသတ်ပေးပါ။ကြက်သွန်တွေကျက်ပြီဆိုတာနဲ့ ဂဏန်းတွေကိုထည့်ပြီးမွှေပေးပါ။ခရုဆီထည့်ပေးပါ။ငံပြာရည်ထည့်ပေးပါ။အဖုံးအုပ်ထားပေးပါ။ဂဏန်းကအကြာကြီးချက်စရာမလိုပါဘူးနော်။၁၅မိနစ်လောက်ဆိုရပါပြီ။ဟင်းအနှစ်ပျစ်ပျစ်လေးရစေဖို့အတွက် ပြောင်းဖူးမှုန့်လေးကိုရေဖျော်ပြီးထည့်ပေးပါနော်။ဟင်းအိုးချခါနီးမှမဆလာအုပ်ပေးပါ။ပြီးလျှင်နံနံပင်လေးအုပ်ပေးပါ။ဒါဆိုရင်တော့ ထမင်းနဲ့ပဲစားစား ပေါင်မုန့်လေးနဲ့ပဲတွဲစားစားအရမ်းကိုအရသာရှိတဲ့ ဂဏန်းမဆလာချက်လေးရပါပြီနော်။
Credit: https://www.marry.com.mm
1,383