အရသာရှိတဲ့ HOMEMADE ကြက်အူချောင်းလုပ်နည်း
ပါဝင်ပစ္စည်းများ
- ကြက်သားအရိုးနုနဲ့ အသားချည်းကြိတ်သား ၅၀ သား
- ကြက်ဥ ၄ လုံး
- ငရုတ်ကောင်းမှုန့် လဘက်ရည်ဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၁ မွှာ
- ချင်း ဓါးပြား ၅ ပြားစာ
- ဝက်အူသန့်စင်ပြီး ၃ ခွေ (ကြက်အူချောင်းအစာသွပ်ရန်)
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံး အသားကြိတ်ထားတာတွေထဲ ကြက်ဥတွေ ဖောက်ထည့်ပေးပါ။အရိုးနုမကြိုက်တဲ့သူတွေတော့ အသားကို ကြိတ်တည်းက အရိုးနုကို ရှောင်ပါနော်။
-
ပြီးတာနဲ့ ငရုတ်ကောင်း၊ ခနောကြက်သားမှုန့်၊ ပဲငံပြာရည်ကြည်နဲ့ အသားကို နှံ့စပ်နေအောင် နယ်ပေးပါ။ အဲ့ဒီလိုနယ်ပြီးတာနဲ့ ကြက်သွန်ဖြူနဲ့ချင်းကို ကြေညက်အောင် ကြိတ်ပြီး အသားထဲထပ်ထည့်ပေးပါ။ အဲဒီလိုမှ အသားကပိုမွှေးမှာလေ။ အိမ်ကကလေးတွေဖျားနာတာတွေအတွက်လည်း ဓါတ်စာဖြစ်တာပေါ့။
-
အကုန်နှံ့နေအောင်နယ်ပြီးပြီဆိုတာနဲ့ လျှို့ဝှက်ချက်တစ်ခုက ရေလေး ထမင်းစားဇွန်း ၆ဇွန်းစာလောက် ထည့်ပေးပါ။ ပြီးတာနဲ့ အသားတွေအကုန်လုံးကို နှံ့စပ်နေအောင် မွှေပေးပါ။ ဒီနေရာမှာ နှံ့နှံ့လေး မွှေနိုင်မှ ကြက်အူချောင်းလေးက အရသာရှိမှာနော်။
-
ကဲ…အားလုံးပြီးပြီဆိုတာနဲ့ သန့်စင်ထားတဲ့ ဝက်အူအခွံပါးပါးကြည်ကြည်ထဲ အသားတွေကို ကန်တော့လေးခံပြီး ဖြည်းဖြည်းချင်း သိပ်ထည့်ပါနော်။ သိပ်ထည့်ပြီးရင်တော့ ကိုယ်ကြိုက်တဲ့အရွယ်အစားအလိုက် အလိမ်လေးတွေကျစ်ပေးပါ။
-
ပြီးမှ ဆီခပ်အေးအေးထဲ ထည့်ကြော်လိုက်ရင် ကလေးတွေရော၊ အနံ့ရတဲ့ ပတ်ဝန်းကျင်တစ်ခွင်က အိမ်တွေပါ ဝင်လာပြီး စားချင်သွားအောင်ကောင်းတဲ့ အိမ်လုပ်ကြက်အူချောင်းကြော်လေးတွေ ရပြီပေါ့။
Credit: https://www.howtocook.com.mm